Pages - Menu
▼
Friday, March 27, 2015
Vector_Woman_Characters_Set PSD
Vector ပုံလေးတွေပါ ၊ မိန်းကလေးပုံလေးတွေမို့
Design ဆွဲဖို့အသုံးဝင် စတိုင်းလေးတွေပါ။
ပုံစံမျိုးစုံလေးမို့ ကိုယ်လိုတဲ့အခါ အသုံးတည့်စေမှာပါ။
PSD ဖိုင်လေးတင်ပြပေးထားပါတယ်။
T-Shirt Design PSD ( အင်္ကျီ ဒီဇိုင်းဆွဲဖို့ အလွတ် )
အင်္ကျီဒီဇိုင်းအတွက် အသုံးဝင်ပါတယ်။
အင်္ကျီစတစ်ကာရိုက်သူတွေအတွက် မရိုက်ခင်
ကိုယ့်စိတ်ကြိုက် ဒီဇိုင်လေး
ဆွဲပြီး ဆိုင်သွားအပ်ဖို့အတွက် အသုံးတည့်ပါတယ်။
T Shirt အလွတ်လေးပါ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ၊
စာလေးတွေ ဖန်တီးပြီး Design လုပ်ဖို့အတွက်ပါ။
Suits For Passport PSD ( အနောက်တိုင်းဝတ်စုံလေးများ)
အနောက်တိုင်းဝတ်စုံလေးတွေပါ Photoshop အတွက်
အသုံးတည့်ပုံလေးတွေမို့ ယူထားကြပါဦး။
Passport အတွက် ဓါတ်ပုံလေးတွေ ရိုက်ကြတဲ့အခါ
ခေါင်းလေးပဲဖြတ် ကပ်လိုက်တာနဲ့ ပြီးသွားပါရောခင်ဗျာ။
ယောက်ျားလေးဝတ်စုံသာမက၊ မိန်းကလေးအတွက်ပါ
ပါဝင်ပါတယ်။
Holiday Gift Boxes PSD
Photoshop မှာအသုံးပြုဖို့အတွက်
Gift Box လေးတွေပါ။
အသုံးတည့်မယ့်သူတွေရှိသမို့
တင်ပေးထားပါတယ်။
PSD File အနေနဲ့တင်ပေးထားတာမို့
အဆင်ပြေပါကြောင်း သတင်းကောင်းပါးလျက်။
PSD ဖိုင်များအား Thumbnail ဖြင့်မြင်ရအောင်လုပ်နည်း
Photoshop သမားတွေအတွက် လက်စွဲဆော့ဝဲလေးပါ။
Adobe Photoshop Software ကနေ ဖန်တီးထုတ်လုပ်လိုက်တဲ့
.PSD ဆိုတဲ့ Photoshop ဖိုင်လေးတွေကို ကိုယ့်ရဲ့စက်
Thumbnail မှာမြင်နေရအောင် ( Double Click မဖွင့်ပဲ)
ပြုလုပ်ထားနိုင်ပါတယ်။ အဲဒီလို လုပ်မထားဘူးဆိုရင်
ကိုယ့်စက်မှာ PSD ဖိုင်တွေများလာတဲ့အခါ ဘယ်ဟာက
ဘာဖိုင်မှန်းမသိ၊ Rename ကလည်းမသဲကွဲနဲ့ ဒုက္ခများပါတယ်။
ဒီတော့ အဲဒီလိုတွေ မဖြစ်ရအောင် ဆော့ဝဲလေးတစ်ခုပဲ
Run ထားစရာလိုပါတယ်။
- ပေးထားတဲ့ PSDCodec-Setup ဆိုတဲ့ ဖိုင်လေးကို
ဒေါင်းပြီး ကိုယ့်စက်မှာ Run လိုက်ပါခင်ဗျာ။
- Start button > PSD Codec by Ardfry Imaging >
PSD Preferance ဆိုတဲ့ ဆော့ဝဲလေးကို ဖွင့်ပြီး
Serial Key လေးကို အဆင်ပြေအောင်ထည့်ပေးလိုက်ပါ။
Restart သာချပေးလိုက်ပါ Windows ပြန်တက်လာတဲ့အခါ
ကိုယ့်မှာရှိနေတဲ့ PSD လေးတွေ Thumbnail အဖြစ်မြင်သာ
ထင်သာရှိနေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Windows 7,8 MAC Address Changer
Windows 7 အတွက် Mac Address Changer လေးဖြစ်ပါတယ်။
ဘယ်နေရာမှာသုံးလည်းဆိုတော့ ကျွန်တော်တို့တစ်တွေ
တစ်ခါတစ်လေမှာ ကိုယ့်ရုံးသို့တည်းမဟုတ် Wireless Network
လိုင်းတစ်ခုအတွင်းမှာ Computer တွေကို Internet Access
ရရှိရေး၊ မရရှိစေရေးအတွက် Filter တွေလုပ်ကြတဲ့အခါမျိုးတွေမှာ
အထူးသဖြင့် Computer ရဲ့ Mac Address နဲ့ပဲ ဘယ်စက်ကို
ပေးသုံးမယ် ၊ ပေးမသုံးဘူးလို့ သတ်မှတ်ကြပါတယ်။
အဲဒီအခါ ကိုယ့်စက်ရဲ့ Mac ကို အင်တာနက်ပေးမသုံးထားဘူး၊
ကိုယ်က အသုံးပြုချင်တယ်ဆိုရင်ဖြင့် ဒီဆော့ဝဲလေးက အသုံးတည့်ပါပြီ။
ဘယ်လိုအသုံးပြုမလည်းဆိုရင်ဖြင့်
- အင်တာနက် အသုံးပြုခွင့်ရရှိထားတဲ့ Computer တစ်လုံးလုံးရဲ့
Mac Address ကိုသိရှိဖို့လိုအပ်ပါတယ်။
- ကိုယ်ရရှိထားတဲ့ Computer ရဲ့ Mac Address ကို
အခုဆော့ဝဲလေး ကိုယ့်စက်မှာ Run ပြီး ရိုက်ထည့်ပါ၊
Change လို့ပြောင်းလည်းလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စက်ရဲ့ Mac Address ဟာ အင်တာနက်အသုံးပြု
ခွင့်ရရှိထားတဲ့ စက်ရဲ့ Mac Address ဖြစ်သွားပြီမို့
ကိုယ်လည်းပဲ အင်တာနက်အသုံးပြုနိုင်သွားပါပြီ။

KMSpico-9.1.3 ( Win8 , Office 2013 Activator )
Windows 8 တင်ပြီးမှ Activate မဖြစ်သူတွေနဲ့
Microsoft Office 2013 Activate မဖြစ်သူတွေအတွက်
KMSpico ဆိုတဲ့ Activator လေးတင်ပြပေးလိုက်ပါတယ်။
တစ်ခြားသော Activator မျိုးတွေထက် သာလွန်ကောင်းမွန်ပါတယ်။
အထူးသဖြင့် ဒီဆော့ဝဲလေးဟာ ကိုယ့်စက်ထဲမှာ ဆော့ဝဲ Install
လုပ်သလို လုပ်ရတဲ့အချက်လေးပါရှိပါတယ်။ ပြီးမှ Activate လုပ်ဖို့
ဆော့ဝဲလေးကို ဖွင့်ပြီးလုပ်၊ Restart ချ ၊ ပြန်တက်လာတာနဲ့ Activate
ဖြစ်နေတာ မြင်တွေ့ရပါမယ်။ ကိုယ်က Win8 ကိုလား သို့တည်းမဟုတ်
Office 2013 ကို Activate လုပ်မှာလားဆိုတာရွေးချယ်ဖို့လည်း
မမေ့နဲ့ဦးနော။..

Windows 7 all in one loader ( CHEW-WGA-v0.9)
ကျွန်တော်တို့ မြန်မာနိုင်ငံက Windows တော်တော်များများဟာ
License မပါပဲ Crack လုပ်ထားတဲ့ Windows တွေပဲဖြစ်ပါတယ်။
License နဲ့ဝယ်သုံးရင် သောင်းဂဏန်း၊ သိန်းဂဏန်းနီးပါ ဖြစ်နေတဲ့
Windows တွေကို ကျွန်တော်တို့က နီးစပ်ရာ ကွန်ပျူတာခွေဆိုင်တွေမှာ
တစ်ခွေ လေးငါးရာ၊ တစ်ထောင်လောက်နဲ့ ပေါပေါလောလာရနေတာပါ။
အဲဒီတော့ ဘာတွေဆက်ဖြစ်လာပါသလဲ အထူးသဖြင့် အင်တာနက်သုံးတဲ့ သူတော်တော်များများက Windows Update Future ကိုသတိမထားမိပဲသုံးကြတော့ အင်တာနက်ကနေ Windows က Update တွေဆွဲမိပြီးကိုယ့် Windows က အတုမှန်းသိသွားတော့ ကိုယ်ပဲ Black Screen ကြီးဖြစ်သွားပြီး Desktop Wallpapers တွေ ပြောင်းမရဖြစ်တတ်ပါတယ်။
Windows Activate မဖြစ်တော့တဲ့အခါတွေပေါ့ အဲဒီလို Error အတွက်
Windows Loader တွေကို အသုံးပြုကြရပြန်ပါတယ်။ ဒါကြောင့် အခုပေးထားတဲ့Windows 7 all in one loader လေးကတော့
တ်ာတော်များများ အဆင်ပြေတာမို့ Users တွေ ,Service လုပ်သူတွေအကုန်လုံး ဆောင်ထားသင့်ပါတယ်။
Windows7 Logon Background Changer
Windows ဆိုတာ Computer အသုံးပြုသူတော်တော်များများရဲ့
ထိတွေ့ခြင်းခံရတဲ့ Platform တစ်ခုပါ၊ တစ်ချို့ဆိုရင် ( User တော်တော်များများ )
OS ဆိုရင် Windows ဆိုတာကိုပဲသိထားကြပါတယ် ၊ အဲဒီတော့
ကိုယ်တွေ အသုံးပြုနေကြဖြစ်တဲ့ Windows ကို လှလှပပလေးဖြစ်စေ
ချင်ကြမှာမလွဲပါ။ အခုတစ်ခါ ဖေါ်ပြပေးထားတဲ့ ဆော့ဝဲလေးကတော့
Windows ရဲ့ Log-on Screen မှာ သူ့ရဲ့ Default ပါရှိတဲ့ ပုံလေးကို
ကိုယ်ကြိုက်ရာနဲ့အစားထိုးနိုင်မှာပဲဖြစ်ပါတယ်။
ဒါဟာလည်း လူတော်တော်များများ အကြိုက်တွေ့တဲ့ Windows
အလှဆင်ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ အသုံးတည့်တာမို့
ယူဆောင်ထားလိုက်ကြပါဦးလို့ ၊ ကျေးဇူးပါ။
Startup Sound Changer for Windows
Windows ရဲ့ စတက်တက်ချင်း အသံလေးကို ပြောင်းလည်းထားချင်တဲ့
သူများအတွက် အသုံးဝင်ဆော့ဝဲလေးဖြစ်ပါတယ်။ ဆော့ဝဲလေးကို
Run ပြီး ( Portable လေးဖြစ်ပါတယ် ) Play , Replace , Restore
လုပ်ခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Tones လေးတွေနဲ့
အတူ ကိုယ့်ရဲ့ Windows Starting Sound ပြောင်းလည်းထားလိုက်ပါ။
SSC Service Epson Printer Reseter
SSC Service Utility လေးရဲ့အသုံးတည့်မှုလေးတွေကတော့
Epson Color Printer တွေရဲ့ ဆေးမလိုက်တာတို့၊ မှင်မမှန်တာ၊
အစရှိသဖြင့် Error လေးများကို ဒီဆော့ဝဲလေးနဲ့အသုံးတည့်စေ
အဆင်ပြေစေနိုင်မှာပါ၊ အပြင်ဆိုင်တွေမှာ သွားလုပ်ခိုင်းမယ်ဆို
ရင် သုံးလေးငါးထောင်တော့ ပြေးမလွတ်တဲ့ တော်တန်ယုံ Error
လေးတွေကို SSC နဲ့ Resetor လုပ်ပေးတာနဲ့တင် အဆင်ပြေသွားစေမှာပါ။
Color Printer အသုံးပြုတဲ့သူတွေအတွက် အသုံးဝင်စေပါတယ်။
အထူးသဖြင့် Epson ( R230 ) အတွက်သုံးနေပါတယ်လို့။

Speed Connect Internet Accelerator 8.0
Internet လိုင်းအားကြည့်တာတို့ ၊ လိုင်းဆွဲအားတက်လာအောင်တို့
အစရှိသဖြင့် အသုံးတည့်ဆော့ဝဲလေးပဲဖြစ်ပါတယ်။
နာမည်နဲ့လိုက်အောင် စွမ်းဆောင်ရည်လေးလည်း ကောင်းပါတယ်။
Speed Connect ဆော့ဝဲလေးကို Run ထားပြီး Network Activity
လေးဖွင့်ထားရင်ဖြင့် ကျွန်တော်တို့ရဲ့ Computer Tray နေရာလေးကနေ
Internet Speed လိုင်းလေးတွေအတက်အကျပြနေမှာပဲဖြစ်ပါတယ်။
HTTrack Websitecopier ဖြင့် Website တစ်ခုလုံးဒေါင်းမယ်
ကိုယ်စိတ်ဝင်စားရာ Website တွေကို Online တိုက်ရိုက်ကြည့်ယုံနဲ့တင်
အားမရပဲဖြစ်နေပါသလား၊ ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့နည်းပညာ၊
စိတ်ဝင်စားရာ Website တွေကို Offline ဖတ်ချင်ပါသလား၊ အဆင်ပြေမှာပါ ဒီဆော့ဝဲလေးက ကူညီပေးပါလိမ့်မယ်။
HTTrack Web Copier လေးကိုသုံးပြီး Website တွေကို Download
ဆွဲထားလို့ရပါတယ်။ ဆော့ဝဲသုံးရတာလေးကလည်း မခက်တာမို့
အစစအရာရာ အဆင်ပြေပါကြောင်းလည်းမှာကြားလိုပါတယ်။
နည်းပညာ Website တော်တော်များများကို Download ဆွဲထားပြီး
ကိုယ်လေ့လာတဲ့အခါ Loading မစောင့်ရတာမို့ ကလစ်တစ်ချက်နဲ့
တင်အဆင်ပြေတာကြောင့် ကျွန်တော်ကတော့ ကြိုက်တယ်လို့ပြောရင်း
လိုအပ်မယ့်သူများ ဆောင်ထားပါကြဦး။

Sunday, March 22, 2015
Teamviewer Portable 8.0
Teamviewer ဆိုတာ ကျွန်တော်တို့ တစ်ယောက်ရဲ့စက်ကို
အခြားတစ်ယောက်က Internet ကိုဖြတ်သန်းပြီး အသုံးပြုလို့
ရစေတဲ့ဆော့ဝဲလေးဖြစ်ပါတယ်။ ကိုယ့်စက်ရဲ့ Teamviewer
လေးကို Run လိုက်တဲ့အခါ ကိုယ့်အတွက် Your ID , Password
လေးတွေ ချပေးပါတယ် အဲဒါလေးတွေကို အခြားတစ်ယောက်ကိုပေး
ပြီး ကိုယ့်စက်ကို တစ်ပါးသူက အင်တာနက်ကနေ ဘယ်နေရာကနေဖြစ်ဖြစ် Teamviewer နဲ့အတူ
ဆွဲယူသုံးစွဲနိုင်စေမှာပါ၊ အလားတူပါပဲ ကိုယ်ကလည်း အခြားတစ်ယောက်၊
အခြားစက်တစ်လုံးရဲ့ ID လေးကို Partner ID နေရာမှာ
ဖြည့်သွင်းပြီး Password ကိုလည်း သူ့ရဲ့ Pass သွင်းလိုက်တဲ့အခါ
ကိုယ့်စက်မှာ တစ်ပါးသူရဲ့ စက်ကို အသုံးပြုလို့ရစေပါတယ်၊ Files ,
Folder တွေကို ကူးယူခြင်းစတဲ့ အကြောင်းအရာများဖြင့်
အသုံးတည့်စေပါတယ်။
အင်တာနက်ပေါ်ကနေ Computer ကို ကိုယ်တိုင်ထိမ်းချုပ်ပြီး
တစ်ပါးသူရဲ့ ပြသနာများကို ပြင်ဆင်ပေးခြင်းများကိုလည်း
ထိရောက်စွာ လုပ်ဆောင်နိုင်စေပါတယ်။
Cisco Packet Tracer 60_Build45
Network နယ်ပယ်မှာတော့ Cisco ဆိုတာ နာမည်အကြီးဆုံးဖြစ်ပါတယ်။
Network ကို စတင်လေ့လာမယ့်သူပဲဖြစ်ပါစေ၊ တတ်ကျွမ်းနာလည်းပြီးသား
သူများပင်ဖြစ်ပါစေ Packet Tracer Software လေးကို အသုံးပြုကြရမြဲဖြစ်ပါတယ်။
Network ကို စမ်းသပ်မယ်ဆိုရင် အပြင်မှာ Hardware ပိုင်းနဲ့သာစမ်းမယ်ဆိုရင်
ငွေကုန်ကြေးကျ အရမ်းများပါတယ်။ Router,Net Cable,Net Tools,Connector
တွေစသဖြင့် အများကြီးဝယ်ပြီး စမ်းနေရမှာပါ။ ဒါကို ဖြေရှင်းပေးဖို့
Ciscoကနေ ဆော့ဝဲလေးထုတ်လုပ်ထားပါတယ်။ ဆော့ဝဲလေးထဲမှာတင်ပဲ
Server,PC,Laptop,Phone,etc... များအား နည်းလမ်းမျိုးစုံတို့ဖြင့်
Cinfigure ချပြီး Network လုပ်ငန်းများကို Planning လုပ်လို့ Pratical လုပ်လို့အဆင်ပြေစေမှာပါ။ CCNA လေ့လာတဲ့သူတိုင်းကတော့ ဒီဆော့ဝဲလေးကိုအကျွမ်းတ၀င် သိရှိကြပါတယ်ခင်ဗျာ။
Real Hide IP 4.4.3.6 + Crack
Internet ပေါ်ကနေ ကိုယ့် IP Address ကို တစ်ခြားသူများက
နည်းလမ်းမျိုးစုံနဲ့ ရယူနေတာမျိုးရှိပါတယ်။
ကိုယ်ကလည်း Hacking အစရှိသဖြင့်များ လုပ်ရာဝယ်
ကိုယ့်ရဲ့ IP Address ကို တစ်ပါးသူများ ခြေရာခံမရနိုင်အောင်
ကာကွယ်ထားရတာကလည်း ရှိပါသေးတယ်။
အဲဒီလို အကြောင်းအရာတွေ လုပ်ကြတဲ့အခါမှာတော့
Real Hide IP ဆိုတဲ့ ဆော့ဝဲလေးရဲ့ စွမ်းဆောင်ရည်ဟာ
အရမ်းကောင်းပါတယ်။ ကိုယ့်ရဲ့ IP ကို တစ်ခြား နိုင်ငံတွေရဲ့
IP Address အဖြစ် ပြောင်းလည်းထားနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်တဲ့သူများ ယူထားနိုင်ကြပါတယ်ခင်ဗျာ။
Internet Speed Hack
Internet Speed Hack ဖြင့် အင်တာနက်လိုင်းကို ကိုယ့်ဆီမှာ
သူများတွေထက်ကောင်းအောင် ဆွဲသုံးတဲ့ Software လေးပါ။
သူ့ကို အသုံးပြုပြီး Software မှာ ပါတဲ့ Speed ကို အမြင့်ဆုံးထိ
တင်ပြီး Patch လုပ်လိုက်ရုံပါပဲ။ တစ်ခုတော့ရှိပါတယ် ဒီဆော့ဝဲ
လေးကို သုံးပြီး လိုင်းဆွဲအားကောင်းလိုတဲ့အခါ သူ့ကိုတော့
အသုံးပြုနေစဉ် လိုင်းဆွဲနေစဉ်အတွင်း ဖွင့်ထားပေးရမှာပါ။
နောက် ဆော့ဝဲလေးကို Run , Install လုပ်ဖို့အတွက်တော့
Netframework 4.0 လိုအပ်မှာဖြစ်တဲ့အတွက် တစ်ပါတည်းပါ
ထည့်သွင်းပြီး Upload လုပ်ပေးထားတာဖြစ်တဲ့အကြောင်းလည်း
ပြောပါရစေခင်ဗျ။ အဆင်ပြေပါစေ။
Video Rotator ( Portable Style )
ဟိုးတစ်ခါတုန်းက ခင်မင်ရတဲ့ Brother တစ်ယောက်က
“ ညီရေတဲ့ ငါ့မှာ ဖုန်းနဲ့ ဗွီဒီယို ရိုက်လာတာ ကွန်ပျူတာထဲထည့်တော့
အတည့်မပေါ်ပဲ စောင်းစောင်းကြီးဖြစ်နေလို့ လုပ်ပေးဦး ” ဆိုပြီးပြောတယ်ဗျ။ အဲဒါနဲ့ ကျွန်တော်လည်း ဆော့ဝဲတွေမျိုးစုံသုံးပြီး လုပ်ကြည့်ပါတယ် အဆင်မပြေ တာတွေပဲများတယ်။ မရတဲ့အခါမရ၊ ရတဲ့အခါလည်း Quality အရမ်းကျသွားပြန်နဲ့
တိုင်တွေပတ်နေလိုက်တာ။ အခုမှပဲ Video Rotator ဆော့ဝဲလေးနဲ့ အဆင်ပြေမှန်းသုံးလို့အရမ်းကောင်းမှန်းသိလိုက်ရလို့ ဘယ်သူလာမေးမေး အေးဆေးဖြစ်နေတော့
တာပါပဲ။ Software လေးက သုံးရတာ Portable ဆန်တယ် နောက် Drag & Drop လည်းရပါတယ်ဗျာ ။ လုပ်ရတာလေးကလည်း ကိုယ် Rotate လုပ်ချင်တဲ့ပုံစံလေး ရွေးပေးပြီး One Click ပဲမို့ သုံး၍အလွန်းကောင်းကြောင်း ချီးမွမ်းခန်းဖွင့်လျှက်။
ဖုန်းများဖြင့် ဗွီဒီယိုများ ကြိုက်သလို စောင်း ရိုက်နိုင်ပါတယ်လို့။
Movavi Video Suite ( Video Edit,Capture,Split )
- Video တွေကို Capture , Convert , Rip , Edit , Split, Burn DVD အားလုံးလုပ်လို့ရတဲ့ Suite လေးပါ။ Video နဲ့ပတ်သက်ပြီး လိုအပ်တာလေးတွေ ချည်းပဲ စုံစုံလင်လင် Function ပါနေလို့ သုံးရတာ အရမ်းအဆင်ပြေပါတယ်။ Video တွေကို Capture လုပ်ရာမှာလည်း Focus ဖမ်းခြင်းလုပ်လို့ရတာမို့ အရမ်းကောင်းမွန်ပါတယ်။ Effects လေးတွေလည်း သုံးရတာ လွယ်ကူတာမို့
Video ဖိုင်တွေနဲ့ပတ်သက်လာပြီဆိုရင် Movavi Video Suite ကိုသတိရလိုက်ပါ။
Cyberlink.YouCam.v3.0
Cyberlink You Cam 3.0 ဖြစ်ပါတယ်။ Webcam ရှိတဲ့ Computer တိုင်းအတွက်
အသုံးဝင်ဆော့ဝဲဖြစ်ပါတယ်။ ဆော့ဝဲလေးထဲမှာ တစ်ပါတည်း ဓါတ်ပုံရိုက်မလား၊
ဗွီဒီယို ရိုက်မလား Effects,Clips လေးတွေ စုံနေအောင်ပါရှိပါတယ်။
ချစ်စရာပုံလေးတွေပါ လွယ်လွယ်ကူကူ အသုံးပြုနိုင်တာမို့
သူကလည်း အသုံးတည့်ဆော့ဝဲလေးဖြစ်တာကြောင့် ဝေမျှပါတယ်ခင်ဗျာ။
Windws myanmar translator version1.0
Windows Myanmar Translator ကတော့ ကျွန်တော်တို့ရဲ့ ၀ါကျတွေကို
English - Myanmar ဘာသာပြန်နိုင်တာပဲဖြစ်ပါတယ်။
Dictionary တွေလို စကားလုံးတစ်လုံးစု လေးတွေမဟုတ်တော့ပဲ
စာကြောင်းလိုက်ဘာသာပြန်တာဆိုတော့ လက်တွေ့မှာ တော်တော်လေး
အသုံးဝင်တာတွေ့ရပါတယ်။ Version 1.0 မှာ အားနည်းချက်လေးတွေ၊
မပြည့်စုံသေးတာလေးတွေရှိပေမယ့် သုံးလို့တော့ရပါတယ်ဆိုတဲ့အကြောင်း
သတင်းကောင်းပါးခြင်းဖြင့် ယူထားလိုက်ကြပါဦး။
Saturday, March 21, 2015
I Dictionary v2.1 (Mm <--> Eng,Jpn,Korea,Russa,Thai)
I Dictionary ရဲ့ စွမ်းဆောင်မှုကတော့ လေးစားလောက်ပါတယ်။
မြန်မာဘာသာကနေပြီးတော့ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ရရှား၊ ထိုင်း ဆိုပြီးဘာသာတော်တော်များများ ဘာသာပြန်လို့ရနေပါတယ်။
ကျွန်တော်ကတော့ အကြိုက်တွေ့ပါတယ်။ သုံးရတာအရမ်းအဆင်ပြေပါတယ်။
သူတစ်ခုတည်းနဲ့တင် အတော်စုံနေတာကြောင့် အခြား အဘိဓါန်တွေများထည့်မထားဖြစ်တော့ပါဘူးလို့။
Whizzo Eng - Mm Dictionary
အကောင်းဆုံးလို့ပြောတဲ့ Eng-Mm Translator လေးတစ်ခုပါပဲ။
ကိုယ့်စက်မှာတင်ထားတော့ ကိုယ်သိချင်တဲ့ English ဝေါဟာရလေးတစ်ခုကို
ချက်ချင်းရှာဖွေသိရှိနိုင်ပါတယ်။ အကောင်းဆုံးဆိုတဲ့ အထဲမှာ
ကိုယ်က a ရိုက်ရင် a နဲ့ပတ်သက်တာတွေ တန်းစီပြီး
Dropdown list အနေနဲ့ကျလာတာလေးက အရမ်းအသုံးဝင်ပါတယ်။
Adobe Pagemaker 7.0 ( DTP )
ရွှေမြန်မာတို့ရဲ့ အသည်းစွဲပေါ့ခင်ဗျာ၊ ဘယ် Adobe Indesign တွေ ဘယ်လောက်ကောင်းပါတယ်ပြောပြော ယနေ့အချိန် အထိတော့ Pagemaker 7.0 ရဲ့နေရာယူထားချက်ကတော့ တစ်ကယ်ပဲ နေရာအနှံ စာစီစာရိုက်ဆိုင်အတော်များများပါပဲ။
( :) ကျွန်တော်လည်း သုံးနေတုန်းပါပဲ ) တစ်ချို့သော Error လေးတွေ အဆင်မပြေမှုလေးတွေ ပါရှိပေမယ့် သူ့ကိုမှ သုံးလို့ကောင်းတုန်းရှိသေးသလိုဖြစ်နေကြတတ်လွန်းလို့
အခု တင်ပေးထားပါတယ်။ လိုအပ်တဲ့သူတွေ ယူနိုင်ပါတယ်နော။...

AdobeReader1011 ( eBook Reader )
eBook တွေ ဖတ်ရှုကြတဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့
eBook Reader ဖြစ်ပါတယ်။ Adobe က ထုတ်လုပ်ထားတဲ့
Adobe Reader ဆော့ဝဲလေးဟာ Windows တစ်ခုအတွက်
မရှိမဖြစ်လိုအပ်လွန်းတာမို့ Upload တင်ပေးထားခြင်းဆိုလည်း
မမှာပေးဘူးပေါ့ခင်ဗျာ။