Windows Myanmar Translator ကတော့ ကျွန်တော်တို့ရဲ့ ၀ါကျတွေကို
English - Myanmar ဘာသာပြန်နိုင်တာပဲဖြစ်ပါတယ်။
Dictionary တွေလို စကားလုံးတစ်လုံးစု လေးတွေမဟုတ်တော့ပဲ
စာကြောင်းလိုက်ဘာသာပြန်တာဆိုတော့ လက်တွေ့မှာ တော်တော်လေး
အသုံးဝင်တာတွေ့ရပါတယ်။ Version 1.0 မှာ အားနည်းချက်လေးတွေ၊
မပြည့်စုံသေးတာလေးတွေရှိပေမယ့် သုံးလို့တော့ရပါတယ်ဆိုတဲ့အကြောင်း
သတင်းကောင်းပါးခြင်းဖြင့် ယူထားလိုက်ကြပါဦး။
I Dictionary ရဲ့ စွမ်းဆောင်မှုကတော့ လေးစားလောက်ပါတယ်။
မြန်မာဘာသာကနေပြီးတော့ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ရရှား၊ ထိုင်း ဆိုပြီးဘာသာတော်တော်များများ ဘာသာပြန်လို့ရနေပါတယ်။
ကျွန်တော်ကတော့ အကြိုက်တွေ့ပါတယ်။ သုံးရတာအရမ်းအဆင်ပြေပါတယ်။
သူတစ်ခုတည်းနဲ့တင် အတော်စုံနေတာကြောင့် အခြား အဘိဓါန်တွေများထည့်မထားဖြစ်တော့ပါဘူးလို့။
Whizzo English - Myanmar Dictionary လေးကတော့
အကောင်းဆုံးလို့ပြောတဲ့ Eng-Mm Translator လေးတစ်ခုပါပဲ။
ကိုယ့်စက်မှာတင်ထားတော့ ကိုယ်သိချင်တဲ့ English ဝေါဟာရလေးတစ်ခုကို
ချက်ချင်းရှာဖွေသိရှိနိုင်ပါတယ်။ အကောင်းဆုံးဆိုတဲ့ အထဲမှာ
ကိုယ်က a ရိုက်ရင် a နဲ့ပတ်သက်တာတွေ တန်းစီပြီး
Dropdown list အနေနဲ့ကျလာတာလေးက အရမ်းအသုံးဝင်ပါတယ်။