My Blogger TricksAll Blogger TricksAll Blogging Tips
Showing posts with label Internet. Show all posts
Showing posts with label Internet. Show all posts

Friday, March 27, 2015

Windows 7,8 MAC Address Changer

Windows 7 အတွက် Mac Address Changer လေးဖြစ်ပါတယ်။
ဘယ်နေရာမှာသုံးလည်းဆိုတော့ ကျွန်တော်တို့တစ်တွေ 
တစ်ခါတစ်လေမှာ ကိုယ့်ရုံးသို့တည်းမဟုတ် Wireless Network 
လိုင်းတစ်ခုအတွင်းမှာ Computer တွေကို Internet Access
ရရှိရေး၊ မရရှိစေရေးအတွက် Filter တွေလုပ်ကြတဲ့အခါမျိုးတွေမှာ
အထူးသဖြင့် Computer ရဲ့ Mac Address နဲ့ပဲ ဘယ်စက်ကို 
ပေးသုံးမယ် ၊ ပေးမသုံးဘူးလို့ သတ်မှတ်ကြပါတယ်။
အဲဒီအခါ ကိုယ့်စက်ရဲ့ Mac ကို အင်တာနက်ပေးမသုံးထားဘူး၊
ကိုယ်က အသုံးပြုချင်တယ်ဆိုရင်ဖြင့် ဒီဆော့ဝဲလေးက အသုံးတည့်ပါပြီ။
ဘယ်လိုအသုံးပြုမလည်းဆိုရင်ဖြင့် 

- အင်တာနက် အသုံးပြုခွင့်ရရှိထားတဲ့ Computer တစ်လုံးလုံးရဲ့
  Mac Address ကိုသိရှိဖို့လိုအပ်ပါတယ်။

- ကိုယ်ရရှိထားတဲ့ Computer ရဲ့ Mac Address ကို
  အခုဆော့ဝဲလေး ကိုယ့်စက်မှာ Run ပြီး ရိုက်ထည့်ပါ၊
  Change လို့ပြောင်းလည်းလိုက်တာနဲ့ တစ်ပြိုင်နက်
  ကိုယ့်စက်ရဲ့ Mac Address ဟာ အင်တာနက်အသုံးပြု
  ခွင့်ရရှိထားတဲ့  စက်ရဲ့ Mac Address ဖြစ်သွားပြီမို့ 
  ကိုယ်လည်းပဲ အင်တာနက်အသုံးပြုနိုင်သွားပါပြီ။
 
Win7 Mac Changer







Speed Connect Internet Accelerator 8.0


Internet လိုင်းအားကြည့်တာတို့ ၊ လိုင်းဆွဲအားတက်လာအောင်တို့
အစရှိသဖြင့် အသုံးတည့်ဆော့ဝဲလေးပဲဖြစ်ပါတယ်။
နာမည်နဲ့လိုက်အောင် စွမ်းဆောင်ရည်လေးလည်း ကောင်းပါတယ်။
Speed Connect ဆော့ဝဲလေးကို Run ထားပြီး Network Activity
လေးဖွင့်ထားရင်ဖြင့် ကျွန်တော်တို့ရဲ့ Computer Tray နေရာလေးကနေ
Internet Speed လိုင်းလေးတွေအတက်အကျပြနေမှာပဲဖြစ်ပါတယ်။

Speed Connect 8


HTTrack Websitecopier ဖြင့် Website တစ်ခုလုံးဒေါင်းမယ်


ကိုယ်စိတ်ဝင်စားရာ Website တွေကို Online တိုက်ရိုက်ကြည့်ယုံနဲ့တင်
အားမရပဲဖြစ်နေပါသလား၊ ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့နည်းပညာ၊
စိတ်ဝင်စားရာ Website တွေကို Offline ဖတ်ချင်ပါသလား၊ အဆင်ပြေမှာပါ ဒီဆော့ဝဲလေးက ကူညီပေးပါလိမ့်မယ်။
HTTrack Web Copier လေးကိုသုံးပြီး Website တွေကို Download 
ဆွဲထားလို့ရပါတယ်။ ဆော့ဝဲသုံးရတာလေးကလည်း မခက်တာမို့
အစစအရာရာ အဆင်ပြေပါကြောင်းလည်းမှာကြားလိုပါတယ်။
နည်းပညာ Website တော်တော်များများကို Download ဆွဲထားပြီး
ကိုယ်လေ့လာတဲ့အခါ Loading မစောင့်ရတာမို့ ကလစ်တစ်ချက်နဲ့
တင်အဆင်ပြေတာကြောင့် ကျွန်တော်ကတော့ ကြိုက်တယ်လို့ပြောရင်း
လိုအပ်မယ့်သူများ ဆောင်ထားပါကြဦး။

HTTrack Webcopier




Sunday, March 22, 2015

Teamviewer Portable 8.0



Teamviewer ဆိုတာ ကျွန်တော်တို့ တစ်ယောက်ရဲ့စက်ကို
အခြားတစ်ယောက်က Internet ကိုဖြတ်သန်းပြီး အသုံးပြုလို့
ရစေတဲ့ဆော့ဝဲလေးဖြစ်ပါတယ်။ ကိုယ့်စက်ရဲ့ Teamviewer 
လေးကို Run လိုက်တဲ့အခါ ကိုယ့်အတွက် Your ID , Password 
လေးတွေ ချပေးပါတယ် အဲဒါလေးတွေကို အခြားတစ်ယောက်ကိုပေး
ပြီး ကိုယ့်စက်ကို တစ်ပါးသူက အင်တာနက်ကနေ ဘယ်နေရာကနေဖြစ်ဖြစ် Teamviewer နဲ့အတူ
ဆွဲယူသုံးစွဲနိုင်စေမှာပါ၊ အလားတူပါပဲ ကိုယ်ကလည်း အခြားတစ်ယောက်၊
အခြားစက်တစ်လုံးရဲ့ ID  လေးကို Partner ID နေရာမှာ
ဖြည့်သွင်းပြီး Password ကိုလည်း သူ့ရဲ့ Pass သွင်းလိုက်တဲ့အခါ
ကိုယ့်စက်မှာ တစ်ပါးသူရဲ့ စက်ကို အသုံးပြုလို့ရစေပါတယ်၊ Files ,
Folder တွေကို ကူးယူခြင်းစတဲ့ အကြောင်းအရာများဖြင့်
အသုံးတည့်စေပါတယ်။
အင်တာနက်ပေါ်ကနေ Computer ကို ကိုယ်တိုင်ထိမ်းချုပ်ပြီး
တစ်ပါးသူရဲ့ ပြသနာများကို ပြင်ဆင်ပေးခြင်းများကိုလည်း
ထိရောက်စွာ လုပ်ဆောင်နိုင်စေပါတယ်။


Teamviewer Portable








Real Hide IP 4.4.3.6 + Crack


Internet ပေါ်ကနေ ကိုယ့် IP Address ကို တစ်ခြားသူများက
နည်းလမ်းမျိုးစုံနဲ့ ရယူနေတာမျိုးရှိပါတယ်။ 
ကိုယ်ကလည်း Hacking အစရှိသဖြင့်များ လုပ်ရာဝယ်
ကိုယ့်ရဲ့ IP Address ကို တစ်ပါးသူများ ခြေရာခံမရနိုင်အောင်
ကာကွယ်ထားရတာကလည်း ရှိပါသေးတယ်။
အဲဒီလို အကြောင်းအရာတွေ လုပ်ကြတဲ့အခါမှာတော့
Real Hide IP ဆိုတဲ့ ဆော့ဝဲလေးရဲ့ စွမ်းဆောင်ရည်ဟာ
အရမ်းကောင်းပါတယ်။ ကိုယ့်ရဲ့ IP ကို တစ်ခြား နိုင်ငံတွေရဲ့
IP Address အဖြစ် ပြောင်းလည်းထားနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်တဲ့သူများ ယူထားနိုင်ကြပါတယ်ခင်ဗျာ။

Real Hide IP




Internet Speed Hack



Internet Speed Hack ဖြင့် အင်တာနက်လိုင်းကို ကိုယ့်ဆီမှာ
သူများတွေထက်ကောင်းအောင် ဆွဲသုံးတဲ့ Software လေးပါ။
သူ့ကို အသုံးပြုပြီး Software မှာ ပါတဲ့ Speed ကို အမြင့်ဆုံးထိ
တင်ပြီး Patch လုပ်လိုက်ရုံပါပဲ။ တစ်ခုတော့ရှိပါတယ် ဒီဆော့ဝဲ
လေးကို သုံးပြီး လိုင်းဆွဲအားကောင်းလိုတဲ့အခါ သူ့ကိုတော့
အသုံးပြုနေစဉ် လိုင်းဆွဲနေစဉ်အတွင်း ဖွင့်ထားပေးရမှာပါ။
နောက် ဆော့ဝဲလေးကို Run , Install လုပ်ဖို့အတွက်တော့
Netframework 4.0 လိုအပ်မှာဖြစ်တဲ့အတွက် တစ်ပါတည်းပါ
ထည့်သွင်းပြီး Upload လုပ်ပေးထားတာဖြစ်တဲ့အကြောင်းလည်း
ပြောပါရစေခင်ဗျ။ အဆင်ပြေပါစေ။

Net speed hack