Windows 7 အတွက် Mac Address Changer လေးဖြစ်ပါတယ်။
ဘယ်နေရာမှာသုံးလည်းဆိုတော့ ကျွန်တော်တို့တစ်တွေ
တစ်ခါတစ်လေမှာ ကိုယ့်ရုံးသို့တည်းမဟုတ် Wireless Network
လိုင်းတစ်ခုအတွင်းမှာ Computer တွေကို Internet Access
ရရှိရေး၊ မရရှိစေရေးအတွက် Filter တွေလုပ်ကြတဲ့အခါမျိုးတွေမှာ
အထူးသဖြင့် Computer ရဲ့ Mac Address နဲ့ပဲ ဘယ်စက်ကို
ပေးသုံးမယ် ၊ ပေးမသုံးဘူးလို့ သတ်မှတ်ကြပါတယ်။
အဲဒီအခါ ကိုယ့်စက်ရဲ့ Mac ကို အင်တာနက်ပေးမသုံးထားဘူး၊
ကိုယ်က အသုံးပြုချင်တယ်ဆိုရင်ဖြင့် ဒီဆော့ဝဲလေးက အသုံးတည့်ပါပြီ။
ဘယ်လိုအသုံးပြုမလည်းဆိုရင်ဖြင့်
- အင်တာနက် အသုံးပြုခွင့်ရရှိထားတဲ့ Computer တစ်လုံးလုံးရဲ့
Mac Address ကိုသိရှိဖို့လိုအပ်ပါတယ်။
- ကိုယ်ရရှိထားတဲ့ Computer ရဲ့ Mac Address ကို
အခုဆော့ဝဲလေး ကိုယ့်စက်မှာ Run ပြီး ရိုက်ထည့်ပါ၊
Change လို့ပြောင်းလည်းလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စက်ရဲ့ Mac Address ဟာ အင်တာနက်အသုံးပြု
ခွင့်ရရှိထားတဲ့ စက်ရဲ့ Mac Address ဖြစ်သွားပြီမို့
ကိုယ်လည်းပဲ အင်တာနက်အသုံးပြုနိုင်သွားပါပြီ။
0 comments:
Post a Comment