သီချင်းနားထောင်ကြတဲ့အခါ တစ်ပုဒ်က တိုးသွားလိုက် နောက်တစ်ပုဒ်ကျတော့
ကျယ်လာလိုက်နဲ့ အသံ မညီညာမှုတွေ ကြုံတွေ့ကြရတာ များပါတယ်။
အထူးသဖြင့် နားကြပ်ဖြင့် နားထောင်သောသူများမှာတော့ နားကိုပိုပြီး
ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို မဖြစ်ရအောင် မိမိနားထောင်မယ့် သီချင်းလေး
တွေကို အသံ နှုန်း တစ်ခုတည်းမှာပဲ ထားထားနိုင်ဖို့ ဒီအကြောင်းအရာလေးနဲ့
တင်ဆက်လိုက်ပါတယ်။
- အောက်မှာပေးထားတဲ့ Software လေးကို ဒေါင်းလိုက်ပါ။
- MP3 Gain Software လေးကိုဖွင့်ပါ။
- သီချင်းများ ထည့်သွင်းပေးဖို့ တစ်ပုဒ်ခြင်း (သို့) Folder လိုက်ထည့်သွင်းနိုင်ပါတယ်။
- သီချင်းများထည့်သွင်းပြီးတဲ့အခါ သီချင်းအားလုံးရဲ့ အသံနှုန်းကိုပြောင်းလည်းရန်
အတွက် “ Target “Normal” Volume’’ နေရာမှာ ကိုယ်ထားချင်သလောက်
အသံနှုန်း ရိုက်ထည့်ထားပါ။
- ပြီးသွားတဲ့အခါ သီချင်းတွေအားလုံးကို “Track Analyze ’’ လုပ်ပြီးနောက်
Track Gain လုပ်လိုက်ပါ။ သီချင်းများရဲ့ အသံများကို လိုတိုး ပိုလျှော့ လုပ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment