ဟိုးတစ်ခါတုန်းက ခင်မင်ရတဲ့ Brother တစ်ယောက်က
“ ညီရေတဲ့ ငါ့မှာ ဖုန်းနဲ့ ဗွီဒီယို ရိုက်လာတာ ကွန်ပျူတာထဲထည့်တော့
အတည့်မပေါ်ပဲ စောင်းစောင်းကြီးဖြစ်နေလို့ လုပ်ပေးဦး ” ဆိုပြီးပြောတယ်ဗျ။ အဲဒါနဲ့ ကျွန်တော်လည်း ဆော့ဝဲတွေမျိုးစုံသုံးပြီး လုပ်ကြည့်ပါတယ် အဆင်မပြေ တာတွေပဲများတယ်။ မရတဲ့အခါမရ၊ ရတဲ့အခါလည်း Quality အရမ်းကျသွားပြန်နဲ့
တိုင်တွေပတ်နေလိုက်တာ။ အခုမှပဲ Video Rotator ဆော့ဝဲလေးနဲ့ အဆင်ပြေမှန်းသုံးလို့အရမ်းကောင်းမှန်းသိလိုက်ရလို့ ဘယ်သူလာမေးမေး အေးဆေးဖြစ်နေတော့
တာပါပဲ။ Software လေးက သုံးရတာ Portable ဆန်တယ် နောက် Drag & Drop လည်းရပါတယ်ဗျာ ။ လုပ်ရတာလေးကလည်း ကိုယ် Rotate လုပ်ချင်တဲ့ပုံစံလေး ရွေးပေးပြီး One Click ပဲမို့ သုံး၍အလွန်းကောင်းကြောင်း ချီးမွမ်းခန်းဖွင့်လျှက်။
ဖုန်းများဖြင့် ဗွီဒီယိုများ ကြိုက်သလို စောင်း ရိုက်နိုင်ပါတယ်လို့။
0 comments:
Post a Comment